Local News

ရှမ်းပြည်နယ်တောင်ပိုင်း နာနတ်သီးများစတင်ထွက်ရှိ

Last Updated:

ရှမ်းပြည်နယ်တောင်ပိုင်း နာနတ်သီးများစတင်ထွက်ရှိ

 

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း၌ နာနတ်သီးအဓိကစိုက်ပျိုးသည့် ဒေသများဖြစ်သည့် ဆီဆိုင်၊ နမ့်စန်၊ မိုင်းကိုင်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ကျန်မြို့နယ်များမှာ အနည်းငယ်သာ စိုက်ပျိုးလျက်ရှိသည်။ ရှမ်းတောင်အတွင်းနာနတ်သီး စိုက်ပျိုးမှုမှာ ဧက (၂၅၈၉) ခန့်စိုက်ပျိုး၍ (၂၅၂၃) ဧကခန့်ရိတ်သိမ်းလျက်ရှိသည်။ နာနတ်သီးများ ဇွန်လကုန်ပိုင်းမှ စတင်ထွက်ရှိလာသော်လည်း တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါရိုက်ခတ်နှင့် စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်မားလာမှုကြောင့် သယ်ယူပို့ဆောင်ခကြီးမားလျက်ရှိသည်။  ဈေးနှုန်းများအနေဖြင့် ခြံပြတ်ဝယ်ဈေးမှာ တစ်လုံးလျှင်(၂၀၀ မှ ၅၀၀)ခန့်ရှိပြီး ဒေသတွင်း ဈေးကွက်များတွင် အရွယ်အစား ပေါ်မူတည်၍ တစ်လုံးလျှင် (၈၀၀ မှ ၁၅၀၀)ခန့်ဈေးရရှိသည်။ တင်ပို့ရောင်းချမှုအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် နာနတ်သီးများကို နေပြည်တော်၊ တပ်ကုန်း၊ ရန်ကုန်၊ မကွေးစသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန

Category: Local News